ပညာ

ပညာ
သာလှ။  ။မတွေ့ရတာကြာပြီနော် ကိုဖေမြ။
ဖေမြ  ။အေးဗျာ၊ မတွေ့ရတာကြာပြီ၊ ဒါနဲ့ ခင်ဗျားပျောက်နေပါလား။
သာလှ။  ။ဟုတ်တယ်၊ ကိုဖေမြရေ၊ မြို့မှာ ဦးလေးတစ်ယောက်ဆုံးနေလို့ အသုဘရှုသွားတာ။
ဖေမြ  ။အသက်ကြီးပြီလား။
သာလှ။  ။ဘယ်ကလာ၊ အခုမှ(၅၀)ကျော်ပဲရှိသေးတာ။
ဖေမြ  ။ဒါဆိုရောဂါနဲ့ပေါ့။
သာလှ။  ။ဟုတ်သပ ကိုဖေမြရေ ဟုတ်သပ၊ နောက်ဆုံးပေါ် ဆိုရှယ်ရောဂါလေ။
ဖေမြ  ။ဖြစ်မှဖြစ်ရလေဗျာ။
သာလှ။  ။ဖြစ်မှဖြစ်တာမဟုတ်ဘူး၊ ဖြစ်အောင်လုပ်လိုက်တာ။
ဖေမြ  ။ဘယ်လိုလုပ်လိုက်တာလဲ၊ ရှင်းစမ်းပါဦး။
သာလှ။  ။မပြောချင်တော့ပါဘူးဗျာ။
ဖေမြ  ။မပြောချင်ဘူးဆိုတော့ တော်တော်ပြောချင်နေပြီပေါ့။
သာလှ။  ။ဟုတ်မှဟုတ် ကိုဖေမြရဲ့၊ ဒီလိုဗျ ကိုဖေမြရေ ဦးလေးကအရမ်းတော်တာ၊ ဥာဏ်လည်းတော်တော်ကောင်းတယ်၊ အတန်းကျောင်းတော့မရှိဘူးပေါ့ဗျာ။ အဲဒီ အတန်းကျောင်းမရှိလို့ပဲ ဒုက္ခရောက်သွားတာ။
ဖေမြ  ။ဘာဆိုင်လို့လဲဗျ။
သာလှ။  ။ဘယ်လိုလဲဆိုတော့ သူက အတန်းပညာမတတ်တော့ “ငါပညာမတတ်ဘူး၊ ဒါပေမယ့် ပညာတတ် ဘွဲ့ရတွေ ငါ့အောက်ရောက်စေရမယ်” ဆိုပြီး အောက်ကျမခံချင်တဲ့စိတ်နဲ့ ကြိုးစားလိုက်တာ နောက်ဆုံး အောင်မြင်မှုတွေနဲ့ နေရာတစ်ကာမှာ သူ မပါရင်မပြီး ဆိုသလိုတောင်ဖြစ်လာတယ်။ အခုတော့ဗျာ။
ဖေမြ  ။တစ်ကယ်တော့ ခင်ဗျားဦးလေးက ပညာရဲ့သဘော မသိလို့ပါ။
သာလှ။  ။ဦးလေးကပညာမတတ်ဘူးလေ။
ဖေမြ  ။အတန်းပညာကိုပြောတာ မဟုတ်ပါဘူး။ ချမ်းသာတယ်မဟုတ်လား။
သာလှ။  ။ချမ်းသာပါတယ်။
ဖေမြ  ။အဲဒါပညာတတ်လို့ပေါ့။ ဘ၀ရဲ့ပညာတွေ၊ စီးပွါးရှာနည်းတွေ ကိုပြောတာ။
သာလှ။  ။အဲဒါတွေတော့ ကောင်းကောင်းတတ်တယ်။
ဖေမြ  ။လူဟာ ကိုယ့်ရဲ့ အသက်ရှင်ရပ်တည်မှုနဲ့ အောင်မြင်မှု အတွက်ပညာလိုအပ်တယ်။ ကျမ်းစာထဲမှာပြောထားတာကတော့ “ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏” တဲ့။
သာလှ။  ။ကြောက်ရွံ့တာနဲ့ ပညာအချုပ်အခြာ ဘယ်လိုများပတ်သက်နေသလဲ၊ ကိုဖေမြ။
ဖေမြ  ။ပတ်သက်ပါသကော ကိုသာလှရယ်။ မိဘတွေဟာ သားသမီး ကောင်းစားတာပဲ မြင်ချင်တယ်၊ မိဘတွေရဲ့ သဘာ ကလည်း မသေးဘူးလေ၊ ပြီးတော့ သားသမီးအပေါ် ထားတဲ့ မေတ္တာစေတနာကလည်း ရှိသေးတယ်၊ နောက်ပြီး ကူညီမှု၊ မစမှု၊ ကောင်းချီးပေးမှုတွေကလည်း ရှိသေးတယ်။ အဲဒီနေရာမှာ သားသမီးက မိဘစကားကိုနားထောင်ရင် အောင်မြင်မှာ၊ ကောင်းစားမှာ။ ဒီလိုပဲ ကျုပ်တို့လည်း အရာရာကိုပိုင်သတဲ့ ဘုရားရဲ့ စကားကိုနားထောင်ရင် ဘ၀မှာအောင်မြင်မှာ။
သာလှ။  ။ဘယ်ကစ နားထောင်ရမလဲမသိတော့ဘူး၊ အားလုံးကိုနားထောင်နေတာပဲလေ။
ဖေမြ  ။ဒါဆိုရင် သုတ္တံကျမ်း၁၆အငယ်၃ မှာ “ကိုယ်ပြုသော အမှုတို့ကို ထာဝရဘုရား၌အပ်လော့၊ သို့ပြုလျှင် သင်၏အကြံစည်တို့သည် တည်ကြလိမ့်မည်” တဲ့ ကိုသာလှ။
သာလှ။  ။ကျုပ်သိပြီ ကိုဖေမြ။ ပညာရဲ့သဘောကိုသိပြီ။
God Bless You
Brother Aung